Posts

Showing posts from January, 2021

ပဠိပစ္စည်းနှင့်ကိုဗစ်မာယာ

Image
  ပဠိပစ္စည်းနှင့်ကိုဗစ်မာယာ           လူတစ်ဉီးဟာ ရောဂါပိုးတစ်ခုခု ကူးစက်ခံရပြီးပါက ၎င်းရဲ့ ခန္ဓာကိုယ်မှ အဆိုပါ ရောဂါပိုးကို ကာကွယ်ရေးအတွက် ပဠိပစ္စည်း ထုတ်လုပ်ပါသလား။ ထုတ်လုပ်ပါတယ်လို့ပဲ ယေဘူယအားဖြင့် ဖြေဆိုရမှာဖြစ်ပါတယ်။ လူတစ်ဉီးဟာ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ပိုးအမျိုး အစားမြောက်များစွာအတွက် ပဠိပစ္စည်းပေါင်း (၁၀) ဘီလီယံခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရောဂါပိုးတစ်ခုစီအတွက် ပဠိပစ္စည်းပမာဏ ဘယ်လောက် ထုတ်သလဲ ဆိုတာကိုတော့ တိတိကျကျ ပြောဆိုလို့မရနိုင်ပါဘူး။ ဒါကိုယခုဖြစ်ပွားနေတဲ့ ကိုဗစ် (၁၉) ရောဂါမှာ သိသာထင်ရှားစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။ သုတေသနပြုလေ့လာ ချက်များ အရ ကိုဗစ် (၁၉) ရောဂါ ကူးစက်ခံရပြီး သက်သာလာသူများထဲမှ အချို့ရဲ့ သွေး နမူနာကို ထုတ်ယူစစ်ဆေးကြည့်တဲ့အခါ၊ လူနာအချို့ဆီမှာ ကိုဗစ်(၁၉)အတွက် ခန္ဓာကိုယ် မှထုတ်လုပ်တဲ့ ပဠိပစ္စည်းဟာ တိုင်းတာလို့ရတဲ့ ပမာဏထက်နည်းနေတာကို စစ်ဆေးတွေ့ ရှိရပါတယ်။ အချို့သုတေသနတွေမှာလဲ လူနာအချို့ဟာ ရောဂါလက္ခဏာပြပြီး ရက်ပေါင်း အတော်ကြာသည်အထိ ပဠိပစ္စည်းထုတ်လုပ်ခြင်း မရှိဘူး လို့လဲဆိုပါတယ်။ ပဠိပစ္စည်း ထုတ်လုပ် နိုင်တဲ့လူနာများ...