Posts

ပဠိပစ္စည်းနှင့်ကိုဗစ်မာယာ

Image
  ပဠိပစ္စည်းနှင့်ကိုဗစ်မာယာ           လူတစ်ဉီးဟာ ရောဂါပိုးတစ်ခုခု ကူးစက်ခံရပြီးပါက ၎င်းရဲ့ ခန္ဓာကိုယ်မှ အဆိုပါ ရောဂါပိုးကို ကာကွယ်ရေးအတွက် ပဠိပစ္စည်း ထုတ်လုပ်ပါသလား။ ထုတ်လုပ်ပါတယ်လို့ပဲ ယေဘူယအားဖြင့် ဖြေဆိုရမှာဖြစ်ပါတယ်။ လူတစ်ဉီးဟာ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ပိုးအမျိုး အစားမြောက်များစွာအတွက် ပဠိပစ္စည်းပေါင်း (၁၀) ဘီလီယံခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရောဂါပိုးတစ်ခုစီအတွက် ပဠိပစ္စည်းပမာဏ ဘယ်လောက် ထုတ်သလဲ ဆိုတာကိုတော့ တိတိကျကျ ပြောဆိုလို့မရနိုင်ပါဘူး။ ဒါကိုယခုဖြစ်ပွားနေတဲ့ ကိုဗစ် (၁၉) ရောဂါမှာ သိသာထင်ရှားစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။ သုတေသနပြုလေ့လာ ချက်များ အရ ကိုဗစ် (၁၉) ရောဂါ ကူးစက်ခံရပြီး သက်သာလာသူများထဲမှ အချို့ရဲ့ သွေး နမူနာကို ထုတ်ယူစစ်ဆေးကြည့်တဲ့အခါ၊ လူနာအချို့ဆီမှာ ကိုဗစ်(၁၉)အတွက် ခန္ဓာကိုယ် မှထုတ်လုပ်တဲ့ ပဠိပစ္စည်းဟာ တိုင်းတာလို့ရတဲ့ ပမာဏထက်နည်းနေတာကို စစ်ဆေးတွေ့ ရှိရပါတယ်။ အချို့သုတေသနတွေမှာလဲ လူနာအချို့ဟာ ရောဂါလက္ခဏာပြပြီး ရက်ပေါင်း အတော်ကြာသည်အထိ ပဠိပစ္စည်းထုတ်လုပ်ခြင်း မရှိဘူး လို့လဲဆိုပါတယ်။ ပဠိပစ္စည်း ထုတ်လုပ် နိုင်တဲ့လူနာများ...

Anti Aging

Image
ဟားဗက် ဆေးပညာကျောင်းမှ သိပ္ပံပညာရှင်များဟာ အိုမင်းရင့်ရော်မှုကြောင့် အမြင်အာရုံ ချိုတည့်နေခဲ့သည့် ကြွက်များအား အမြင်အာရုံ ပြန်လည် ကောင်းမွန် အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၂) ရက်နေ့ထုတ် Nature စာစောင်မှာ ဖော်ပြခဲ့ပါတယ်။ ၎င်းဆောင်ရွက်ချက်ဟာ အသက်အရွယ် ကြီးရင့် မှုကြောင့် ပျက်ဆီး ယို့ယွင်းလာသော ဆဲလ်များကို ငယ်ရွယ်ချိန်ကဲ့သို့ လုပ်ငန်း ဆောင် တာများ ပြန်လည် ဆောင်ရွက်နိုင်စေမည့် လမ်းစတစ်ခုဖြစ်ကြောင်း ဟားဗက် တက္က သိုလ်မှ ပါမောက္ခ David Sinclair ကပြောဆိုခဲ့ပါတယ်။ ၎င်းသိပ္ပံ ပညာရှင် များဟာ ကြွက်တွေရဲ့မျက်စိထဲမှာရှိတဲ့ အာရုံခံစနစ်မှာပါဝင်တဲ့ retinas ဆဲလ် တွေထဲ ကို Oct4, Sox2 and Klf4 မျိုးဗီဇ (၃) မျိုးကို adeno-associated virus (AAV) အသုံးပြု ပြီးထိုးသွင်းခဲ့ပါတယ်။ ၎င်းမျိုးဗီဇ (၃) မျိုးဟာ ပုံမှန်အားဖြင့် သန္ဓေသား ဘဝ မှာပဲ အလုပ်လုပ်တဲ့ မျိုးဗီဇများဖြစ်ကြပြီး အရွယ်ရောက်ချိန် မှာတော့ အလုပ် လုပ်ကြ တဲ့ မျိးဗီဇများ မဟုတ်ပါဘူး။ အဆိုပါသုတေသနဟာ နိုဗယ်ဆုရရှိခဲ့တဲ့ Shinya Yamanaka ရဲ့သုတေသန အပေါ်မှာဆက်စပ်ပြီး ဆက်လက်ဆောင်ရွက်ခဲ့တာ ဖြစ်ပါ တယ်။ ၎င်းသိပ္ပံပညာရှင်များရဲ့ ဆောင်ရွက်ချက်ဟာ...

Mini Antibody and its potentials

Image
  အမေရိကန်နိုင်ငံ၊ အမျိုးသားကျန်းမာရေးသုတေသနဌာနမှ သုတေသန ပညာရှင် များဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ကိုဗစ် (၁၉) ရောဂါ ကာကွယ် ကုသရေးမှာ အထောက်အကူပြုနိုင်တဲ့ Mini Antibodies များကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကော်မက်စ် လို့အမည်ပေးထားတဲ့ ကုလားအုပ်ငယ်လေး တစ်ကောင်ကို ကိုဗစ်(၁၉) ကာကွယ်ဆေး ထုတ်လုပ်ရာမှာအသုံးပြုတဲ့ စပိုက်ခ် ပရိုတင်း များကို စမ်းသပ်ထိုးသွင်းပြီး နောက်မှာတော့ သုတေသနပညာရှင်များဟာ အဆိုပါ Mini Antibodies များကို ကော်မက်စ်ရဲ့ ခန္ဓာကိုယ်ထဲမှာရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရှာဖွေတွေ့ရှိခဲ့တဲ့ Mini Antibodies (၁၃) မျိုးထဲမှာမှ NIH-CoVnb-112 ဟုသတ်မှတ်ထားတဲ့ Mini Antibodies ကတော့ အရေးပါဆုံးဖြစ်မယ်လို့ယူဆထားကြပါတယ်။ အဲ့ဒီတော့ Mini Antibodies ဆိုတာ ဘယ်လိုပစ္စည်းတွေပါလဲ။ Mini Antibodies အကြောင်းမသွားခင် Antibody/Immunoglobulin အကြောင်း အရင်ဆို ချင်ပါတယ်။ Antibody/Immunoglobulin ဆိုတာကတော့ ပြင်ပမှ ဝင်လာ မည့်ပစ္စည်း (Antigen) များကိုပြန်လည် တိုက်ထုတ်ရာမှာပါဝင်နိုင်ရန်အတွက် ခန္ဓာကိုယ် ရဲ့ ခုခံအားစနစ်ကနေ ထုတ်လုပ်ပေးတဲ့ ပရိုတင်းများပဲ ဖြစ်ပါတယ်။ Antibody/ Immunoglobulin များဟာ အခြေခံအာ...

ရောဂါပိုးအသစ် နှင့် ကာကွယ်ဆေး

Image
  ဗြိတိန်နိုင်ငံ ပြည်သူ့ကျန်းမာရေးဌာနမှ အဂ်လန်နိုင်ငံ ရှေ့ပိုင်းနှင့် တောင်ပိုင်းမှာ ကိုဗစ် ၁၉ ရောဂါ ထပ်မံကူးစက်ခံရသူများထဲမှ ၁၁၀၈ ဉီးဟာ ကိုဗစ် ၁၉ ရောဂါမျိုးကွဲ အသစ်ကူးစက် ခံရတာဖြစ်ကြောင်း ဒီဇင်ဘာ (၁၃) ရက်မှာအတည်ပြု ပြောကြားခဲ့ပါ တယ်။ အဆိုပါ ကိုဗစ် ၁၉ ရောဂါမျိုးကွဲ ကို VUI – 202012/01 ဟုသတ်မှတ်ထားကြပြီး၊ ရောဂါပိုးကူးစက်ရာမှာ အရေးပါတဲ့ spike protein မှာ မျိုးဗီဇထွန်းခြင်း (N501Y) ကြောင့်ဟု ထုတ်ပြန်ထားပါတယ်။ အဆိုပါ ကိုဗစ် ၁၉ ရောဂါမျိုးကွဲဟာ ရောဂါကူးစက် ခြင်းနှင့် ရောဂါဖြစ်ပွားခြင်းတို့မှာ အကျိုးသက်ရောက်မှု ရှိ၊မရှိ ကိုတိတိကျကျ မပြောနိုင် သေးပဲ သုတေသနပြုမှုတွေ ဆက်လက်ဆောင်ရွက်နေကြဆဲပဲ ဖြစ်ပါတယ်။ အဆိုပါ ကိုဗစ် ၁၉ ရောဂါမျိုးကွဲ တွေ့ရှိမှုနှင့်အတူ ဗြိတိန်နိုင်ငံမှာ ရောဂါကူးစက်မှုပြန်လည်ဖြင့်တက် လာတဲ့ အတွက် နိုင်ငံရဲ့နေရာအချို့ကို အမြင့်ဆုံး ထိန်းချုပ်ကန့်သတ်မှုတွေ ချမှတ်ခဲ့ ပါတယ်။ ကိုဗစ် ၁၉ ရောဂါမျိုးကွဲတွေနဲ့ပတ်သတ်ပြီး အီတလီ နိုင်ငံ ဘိုလော့ခ်နာ တက္ကသိုလ်မှ သုတေသနပညာရှင်များဟာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၄၈၆၃၅ ဉီးကိုလေ့လာချက်များအရ ကိုဗစ် ၁၉ ရောဂါမျိုးကွဲ (၆) ခု အား ၂၀၂၀ ပြည့်နှစ် ဩဂုတ် (...

How to choose a vaccine

Image
 ကာကွယ်ဆေးကို ဘယ်လိုရွေးချယ်ကြမလဲ  ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၁၉) ရက်မှာ Oxford တက္ကသိုလ်နှင့် UK အခြေစိုက် Astra Zeneca ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်တဲ့ ကာကွယ်ဆေးစီမံကိန်း မှနေ၍ ၎င်းတို့ရဲ့ ကာကွယ်ဆေးဟာလည်း အသက်ကြီးပိုင်းတွေမှာ ကာကွယ်မှုကောင်းကောင်းပေးနိုင်တဲ့ ရလာဒ်တွေ ရရှိနေပြီဆိုပြီး ကြေငြာခဲ့ပါတယ်။ Clinical Trial Phase 2 မှာ လူပေါင်း ၅၆၀ နှင့်ဆောင်ရွက်ခဲ့ပြီး Clinical Phase 3 ကိုဆက်လက်ဆောင်ရွက်နေပေမဲ့လဲ ရောဂါဒါဏ် အများဆုံးခံစားရတဲ့ အသက်အရွယ်တွေအတွက် မျှော်လင့်ချက်များရှင်သန်လာခဲ့တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။ ၎င်းကာကွယ်ဆေးဟာ Pfizer နှင့် Moderna တို့ရဲ့ ကာကွယ်ဆေး ကြေငြာချက်များ ထွက်ပေါ်လာခဲ့ပြီးရက်ပိုင်းအတွင်းမှာပဲ ထပ်မံထွက်ပေါ် လာခဲ့ တာပဲဖြစ်ပါတယ်။ Pfizer နှင့် Moderna တို့ရဲ့ ကာကွယ်ဆေးနှင့် မတူညီတဲ့ အချက်ကတော့ Pfizer နှင့် Moderna တို့ရဲ့ ကာကွယ်ဆေးဟာ မျိုးဗီဇ အစိတ်အပိုင်း တစ်မျိုး(mRNA) ကို အသုံးပြုထားတာဖြစ်ပြီး Oxford vaccine ကတော့ မျိုးဗီဇ ပြောင်းလဲ  ထားတဲ့ ဗိုင်းရပ်စ် (Viral Vector) တစ်မျိုးကို အသုံးပြုထားတာပဲဖြစ်ပါတယ်။   လွန်ခဲ့တဲ့ (၁၀) လလောက်ကတည်းက စတ...

Antibody treatment for covid

Image
 Antibody အသုံးပြုကုသခြင်း  ဗြိတိန်အစိုးရဟာ AstraZeneca ဆေးဝါးကုမ္ပဏီဆီကနေပြီး Covid 19 ရောဂါ ကုသရန် အတွက် Antibody အသုံးပြုကုသဆေး တစ်သန်းဝယ်ယူမည်ဆိုပြီး ၂၁.၁၁.၂၀၂၀ ကြိုတင် သဘောတူခဲ့ပါတယ်။ ၎င်း Antibody အသုံးပြုကုသဆေးဟာ Clinical Trial အဆင့် (၃) ကို လူပေါင်း (၅၀၀၀) ဝန်းကျင်နှင့် ဆောင်ရွက်နေတာ ဖြစ်ပြီး ဗြိတိန် နိုင်ငံ တစ်ဝှမ်းမှ လူပေါင်း (၁၀၀၀)နှင့် အခြား ဒေသများမှ လူပေါင်း(၄၀၀၀) ခန့်နှင့် ပါ၀င် ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ များမကြာမီကာလများမှာ စမ်းသပ်မှုများပြီးဆုံးပြီး စတင်အသုံးပြုနိုင် မည်လို့လဲ ခန့်မှန်းကြပါတယ်။ ကာကွယ်ဆေး စမ်းသပ်ချက်များ အပြိုင်အဆိုင်ထွက်ပေါ် လာပြီး မကြာခင်မှာပဲ ထပ်မံထွက်ပေါ်လာခဲ့တဲ့ ကုသဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။ ၎င်း ဆေးကို ကာကွယ်ဆေးအသုံးပြု၍ မရနိုင်သူများ၊ နာတာရှည်ရောဂါရှိသူများ၊ သွေးတွင်း ချဉ်ဆီရောဂါရှိသူများ၊ ကိုယ်ခံအားစနစ်ချို့တည့် သူများ၊ လတ်တလောရောဂါ ခံစားနေရ သူများနှင့်  အသက်အရွယ်ကြီးရင့်သူများ အတွက်ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ AstraZeneca ဆေးဝါးကုမ္ပဏီ ကထုတ်လုပ်တဲ့ AZD7442 ဆိုတဲ့ဆေးထဲမှာ Antibody(၂) မျိုးပေါင်းစပ်ပါဝင်မှာဖြစ်ပြီး ဆေးရဲ့အာနိသင်ဟာ...

Covid နှှ့့်် ကာကွွယ််ဆေး

  ကာကွယ်ဆေး            ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ တတိယပတ်ထဲမှာပဲ အမေရိကန်အခြေစိုက် Moderna ကုမ္ပဏီမှ ၎င်းတို့ထုတ်လုပ်နေတဲ့ Covid 19 ကာကွယ်ဆေးဟာ ၉၅ % ထိရောက်မှုရှိ တယ်လို့ ကြေငြာခဲ့ပါတယ်။ ၎င်းကာကွယ်ဆေးဟာ အမေရိကန်နိုင်ငံမှာ ထုတ်လုပ်တဲ့ ဒုတိယမြောက် ကာကွယ်ဆေး ဖြစ်ပြီး ယခင်အပတ်ကလည်း Pfizer ကုမ္ပဏီမှ ၎င်းတို့ ထုတ်လုပ်နေတဲ့ Covid 19 ကာကွယ်ဆေးဟာ ၉၀ % ထိရောက်မှုရှိကြောင်း ကြေငြာ ခဲ့ပါသေးတယ်။ ၎င်းကုမ္ပဏီ (၂) ခုမှ ထုတ်လုပ်ထားသော ကာကွယ်ဆေးများဟာ ထိရောက်မှုအပိုင်းမှာ ကွာခြားမှုမကြီးမားလှပေမဲ့ သိုလှောင်ရတဲ့ အဆင့်မှာတော့ ကွာခြား လှပါတယ်။ Pfizer ကထုတ်တဲ့ ကာကွယ်ဆေးဟာ အနှုတ် ၇၅ ဒီဂရီ စီ မှာထိန်းသိမ်း သိုလှောင်သယ်ဆောင်ရမှာဖြစ်ပြီး၊   Moderna ကထုတ်တဲ့ ကာကွယ်ဆေးဟာ အနှုတ် ၂၀ ဒီဂရီ စီ မှာထိန်းသိမ်း သိုလှောင်သယ်ဆောင်ရမှာဖြစ်ပါတယ်။ ထို့ပြင် Pfizer ကထုတ်တဲ့ ကာကွယ်ဆေးဟာ ရေခဲသေတ္တာထဲမှာ ၅ ရက်သာအထားခံမှာလို့ ဆိုကြပြီး၊   Moderna ကထုတ်တဲ့ ကာကွယ်ဆေးဟာ ရေခဲသေတ္တာထဲမှာ ၃၀ ရက်အထိ အထားခံမယ်လို့ဆို ပါတယ်။           ...