RIP Poison
RIP
Poison
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၁၉) ရက်မှာ အမေရိကန်
သမ္မတ နေထိုင်တဲ့ အိမ်ဖြူတော်ကို အဆိပ်ပါဝင်တဲ့ စာအိတ်တစ်အိတ် ပေးပို့ခဲ့ပါတယ်။ စုံစမ်းစစ်ဆေး
မှုများအရ အဆိုပါ စာအိတ်အား ကနေဒါနိုင်ငံမှ ပေးပို့လိုက်တာဖြစ်ပြီး၊ သမ္မတ အိမ်တော်ရဲ့
စာတိုက်ခန်းထဲ မရောက်ခင်မှာပဲ သိရှိထိန်းသိမ်းနိုင်ခဲ့ပါတယ်။ စက်တင်ဘာ (၂၁) မှာတော့
အမေရိကန်-ကနေဒါ နယ်စပ်ကနေ မှာ အမေရိကန်ကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီး တစ်ဉီးကို
အဆိုပါ စာအိတ်ပေးပို့မှု သံသယနှင့် ဖမ်းဆီး ခဲ့ပါတယ်။ အဆိုပါ စာအိပ်ထဲမှာ ပါဝင်တဲ့
အဆိပ်ကတော့ Ricin ဆိုတဲ့ အဆိပ်ပဲဖြစ်ပါတယ်။
Ricin ဆိုတာဘယ်လို
အဆိပ်မျိုးလဲ။ Ricin ကိုအဆိပ်အဖြစ်အသုံးပြု နိုင်ကြောင်း
စတင်ဖော်ထုတ်ခဲ့သူကတော့ ဂျာမန်သိပ္ပံပညာရှင် တစ်ဉီးဖြစ်ပြီး ၁၈၈၈ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာ
ဖြစ်ပါတယ်။ Ricin ဆိုတာကတော့ Carbohydrate Binding
Protein တစ်မျိုးဖြစ်ပြီး၊ ကြက်ဆူသီးတွေမှာ သဘာဝအလျှောက်တွေ့ရှိနိုင်တဲ့
ဓါတ်ပစ္စည်း တစ်မျိုးပဲဖြစ်ပါတယ်။ ကြက်ဆူစေ့ကို ကြိတ်ခွဲပြီး ရရှိလာတဲ့ ကြက်ဆူ ကြိတ်ဖတ်
အထဲမှာလဲ Ricin ဆိုတဲ့ ဓါတ်ပစ္စည်းက ၅ ရာခိုင်နှုန်း
ပါဝင်ပါတယ်။ Ricin Molecule ဟာ Protein
Molecule တစ်မျိုးပဲဖြစ်ပြီး Subunit နှစ်မျိုး
(A နှင့် B ဆို၍ ပါဝင်ပါတယ်။ Ricin
Molecule ကို ကြက်ဆူသီးရဲ့ Endosperm ထဲမှာထုတ်လုပ်တာ
ဖြစ်ပြီး Endoplasmic Reticulum ထဲမှာ activate လုပ်ကာ Protein Storage Body ထဲမှာ သိမ်းဆည်း ပါတယ်။
Inactive Form အနေဖြင့်စတင်ထုတ်လုပ်ပြီး Amino Acid ၅၇၆ လုံးပါဝင်ကာ Active Form မှာကတော့ Amino
Acid ၅၂၉ လုံးပါဝင်ပါတယ်၊ A subunit မှာ ၂၆၇ လုံးနှင့်
B subunit မှာ ၂၆၂ လုံးဖြစ်ပါတယ်။ B subunit ရဲ့ တာဝန်ကတော့ မော်လီကျူးကို ဆဲလ်ရဲ့နံရံမှာသွားရောက်တွယ်ကပ်စေပြီး ထိုမှတဆင့်
ဆဲလ်အထဲသို့ ဝင်ရန် ဖြစ်ပါတယ်။ Endosome ထဲမှာရှိတဲ့ Acidifying
ဖြစ်စဉ်ကလည်း Ricin ကို မခြေ ဖျက်နိုင်ပါဘူး၊ ထို့ပြင် Ricin မှာ
Amino Acid molecule ပါဝင်မှုထူးခြားချက်ကလည်း Ubiquitination
မလုပ်နိုင်ပဲ Proteolysis ပျက်ဆီးမှုဖြစ်စဉ်
နည်းပါး စေပါတယ်။ ဆဲလ်အတွင်းကို ရောက်ရှိပြီးရင်တော့ Protein Synthesis ဖြစ်စဉ်မှာ အဓိက အခန်က႑
မှာပါဝင်တဲ့ Ribosome ကိုသွားရောက် ဖျက်ဆီးကာ ဆဲလ်ကိုသေဆုံးစေခြင်း
ဖြစ်ပါတယ်။ ထို့ကြောင့် Ricin ကို Ribosome Inhibitor Protein (RIP) လို့လည်း ခေါ်ဆို ကြပါတယ်။
ကြက်ဆူဆီထဲမှာ Ricin
ပါဝင်မှုနည်းပါးတဲ့ အတွက်ကြောင့် သောက်သုံးမိပါက အဆိပ်သင့်မှု ဖြစ်စဉ်လဲ
နည်းပါးပါတယ်။ သို့ပေမဲ့လည်း အဆိပ်သင့်မှုတော့ဖြစ်နိုင် ပါသေးတယ်၊ အပူချိန် 80'C နှင့်ကျိုချက်လိုက်ရင်တော့
Ricin protein ဟာ inactivate ဖြစ်ပြီး
အဆိပ်သင့်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ ကြက်ဆူ အစေ့ကိုစားရင်တော့ Ricin အဆိပ်သင့် နိုင်ပါတယ်၊ လူတစ်ဉီး နှင့် တစ်ဉီးပေါ်မူတည်ပြီး ၅-၂၀ လုံးအတွင်းစားမိရင်
သေဆုံးနိုင် ပါတယ်။ အလေးချိန် 1mg/Kg ကတော့ လူတွေအတွက် သေဆုံးစေနိုင်သော
Lethal Dose ဖြစ်ကြောင်းသုတေသနများအရ
သိရှိရပါတယ်။
Ricin အဆိပ်ကို
ပထမ ကမ္ဘာစစ်အပြီးမှာ အမေရိကန်နိုင်ငံက ကျည်ဆံထိပ်ဖူးများ၊ ဗုံးများမှာ ထည့်သွင်းအသုံးပြုပြီး
ရန်သူကို အဆိပ်သင့်စေရန် စမ်းသပ်မှုများ ပြုလုပ်ခဲ့ ပါတယ်။ သို့ရာတွင် ၎င်းရဲ့ အပူဒဏ်ကို
sensitive ဖြစ်မှုက အခက်အခဲများစွာဖြစ်ပေါ်စေခဲ့ ပါတယ်။ ဒုတိယ
ကမ္ဘာစစ်အပြီးမှာလည်း အဂ်လန် ၊ ပြင်သစ်၊ ကနေဒါ နှင့် အမေရိကန် နိုင်ငံ များက
စမ်းသပ်မှုများထပ်မံ ဆောင်ရွက်ခဲ့ပါတယ်။ သို့ရာတွင် စစ်ပွဲများမှာတော့ အသုံးပြုခြင်း
မရှိခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ Ricin ကို
Biological Weapon အနေဖြင့် အသုံးပြုပြီး လူအစုလိုက်အပြုံလိုက်ကို
ထိခိုက်စေခြင်းက မလွယ်ကူမှန်း သိရှိခဲ့ကြပြီး၊ လူနည်းစု နှင့် တစ်ဉီးချင်း
တိုက်ခိုက်မှု များ အတွက်သာအသုံးပြုခဲ့ကြပါတယ်။ Ricin အဆိပ်ဟာ
အသက်ရှုလမ်းကြောင်း၊ အစာလမ်းကြောင်း နှင့် ထိုးသွင်းခြင်းတို့မှ ဝင်ရောက် နိုင်ပြီး
အဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဝင်ရောက်တဲ့ လမ်းကြောင်းပေါ် မူတည်ပြီး
လက္ခဏာ ကွဲပြားနိုင်ပါတယ်။ အစောဆုံးအဆိပ်သင့် လက္ခဏာများ စတင်ခံစား၇မည့် အချိန်ကတော့
၄-၈ နာရီ အတွင်းဖြစ်ပြီး ၊ ၂၄ နာရီအထိလည်း ကြာတတ်ပါတယ်။ အသက်ရှုလမ်းကြောင်းမှတစ်ဆင့်
အဆိပ်သင့် ရင်တော့ ချောင်းဆိုး၊ နှာစေး၊ အသက်ရှုခက်ခဲခြင်း စတဲ့လက္ခဏာများ
စတင်ခံစား ရမှာဖြစ်ပါတယ်။ စားသောက်မိရင်တော့ ဝမ်းလျှောခြင်း၊
အန်ခြင်း၊ ဗိုက်အောင့်ခြင်း တို့မှတစ်ဆင့် ဆီးတွင်း သွေးပါခြင်း၊ အသည်းပျက်ဆီးခြင်း
တို့ပါ ခံစားရမှာဖြစ်ပါတယ်။ အဆိပ် ပမာဏနှင့် ဝင်ရောက်တဲ့ လမ်းကြောင်းတို့ပေါ် မူတည်ပြီး
(၇၂) နာရီအတွင်းမှာ သေဆုံးနိုင်ပါတယ်။
Ricin ကိုအသုံးပြုပြီး
ထင်ရှားတဲ့ တိုက်ခိုက်ခဲ့မှုကတော့ ဘူဂေးရီးယား စာရေးဆရာ Georgi Markov ကို လန်ဒန်မှာ ၁၉၇၈ စက်တင်ဘာလ (၇) နေ့က တိုက်ခိုက်ခဲ့မှုပဲဖြစ် ပါတယ်။ လူတစ်ဉီးက
ထီးထိပ်ချွန်မှာ Ricin ထည့်သွင်းထားတဲ့ ထိပ်ဖူးကိုတပ်ပြီး ၎င်းထိပ်ဖူးနဲ့
စာရေးဆရာရဲ့ ခြေသလုံးကို ထိုးခဲ့တာဖြစ်ပါတယ်။ (၄) ရက်အကြာမှာတော့ အဆိုပါစာရေးဆရာဟာ
အဆိပ်ဒဏ်ကြောင့် သေဆုံးခဲ့ပါတယ်။ ထို့အပြင် အမေရိကန်နိုင်ငံ မင်နီဆိုတာမှာ အမေရိကန်ဗိုလ်ချုပ်ကြီး
တစ်ဉီးကို လုပ်ကြံရန်ကြိုးပမ်းမှုနဲ့လူ (၄) ဉီးကို ဖမ်းဆီးခဲ့ပါတယ်၊ အဆိုပါ (၄) ဉီးဟာ
တံခါးလက်ကိုင်မှာ Ricin ကို သုတ်လိမ်းပြီး လုပ်ကြံဖို့
ကြိုးစားခဲ့တာဖြစ်ပါတယ်၊ အဆိုပါ လုပ်ကြံမှုဟာ အထမမြောက်ခဲ့ပါဘူး။ နောက်ပိုင်း
၂၀၀၃၊၂၀၀၄၊၂၀၁၁ ခုနှစ်တွေမှာ အမေရိကန် ထိပ်ပိုင်း အရာရှိများကို Ricin အဆိပ်နှင့် လုပ်ကြံရန် ကြိုးပမ်းမှုများ ရှိပေမဲ့လည်း၊ အချိန်မှီ
တားဆီးနိုင်ခဲ့ကြပါတယ်။ စက်တင်ဘာ (၁၉) ရက်နေ့ လုပ်ကြံမှုကတော့ Ricin (RIP
Poison) အသုံးပြုပြီး လတ်တလော လုပ်ကြံထားမှု ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။
ကိုးကား
၁။ https://www.cnn.com/2020/09/19/politics/package
၂။ https://www.cnbc.com/2020/09/22/canadian-woman
၃။ Ricin and
abrin poisoning; SM Bradberry, JM Lord, P Rice, Chemical warfare agents …, 2007 -
researchgate.net
၄။ www.globalsecurity.org/wmd/intro/bio_ricin.htm
Comments
Post a Comment