NOVICHOKs Poison

NOVICHOKs Poisons

August 20th, 2020 မှာ ရုရှား အတိုက်အခံခေါင်းဆောင် Alexiei Navalny ဟာ ဆားဘီးယားမှ ရုရှားသို့ ပျံသန်းလာသော လေယာဉ်ကို စီးနင်းလာစဉ် အဆိပ်ဖြင့် လုပ်ကြံခံရတာဖြစ်ပြီး လေယဉ်ကို ဆားဗီးယာနိုင်ငံ Omsk လေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။ ထိုမှတစ်ဆင့် ဂျာမဏီ နိုင်ငံ ဘာလင်မြို့ရှိ ဆေးရုံတစ်ခုသို့ သို့ ၂ ရက်အကြာတွင် အထူးလေယဉ် နှင့်ရွှေ့ပြောင်း ဆေးကုသမှုခံယူခဲ့ရပါတယ်။ 2nd September မှာ ဂျာမဏီနိုင်ငံဟာ ပြင်သစ်နဲ့ ဆွီဒင်ရှိဓါတ်ခွဲခန်းများရဲ့ အဖြေအရ Novichoks poison လို့ အတည်ပြုခဲ့ပါတယ်။ 22nd Septemberမှာ အတိုက်အခံခေါင်းဆောင်ဟာ ဆေးရုံဆင်းခဲ့ပါတယ်။ 6th October မှာတော့ OPCW မှ ရုရှား အတိုက်အခံ ခေါင်းဆောင်ဟာ Novichoks poison အမျိုးအစား သစ်တစ်ခုနှင့်တိုက်ခိုက် ခံရတာဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။  ထို့အပြင် ဂျာမဏီခေါင်းဆောင် Angela Marketl ကလည်း ရုရှား အတိုက်အခံခေါင်းဆောင်ဟာ လုပ်ကြံခံရတာဖြစ်ပြီး ကမ္ဘာ.နိုင်ငံများအနေဖြင့် ရုရှား၏ တုံ့ပြန်မှုကို စောင့်ကြည့်ရမည်ဟုလည်း ပြောဆို ခဲ့ပါသည်။ Novichoks poison ဖြင့်တိုက်ခိုက်မှုကို ယခင်ကလည်း ပြုလုပ်ခဲ့ဖူးပြီး ၂၀၁၈ တွင် UK မှာနေထိုင်တဲ့ ရုရှားစပိုင်အဟောင်း Sergei Skipal နှင့် သူ့သမီး ရုရှားမှ အလည်သွားသူကို လုပ်ကြံတဲ့အမှုမှာလည်း အဆိုပါအဆိပ်ကို အသုံးပြု ခဲ့တယ် လို့ဆိုကြပါတယ်။

Novichok ဆိုသည့်စကားလုံးဟာ ရုရှားဘာသာစကားမှဆင်းသက်လာပြီး newcomer လို့ အဓိပါယ်ရပါတယ်။ ဆိုဗီယက်ယူနီယံမှ ၁၉၇၁ နှင့် ၁၉၉၃ ကြားမှာ ထုတ်လုပ်ခဲ့ပြီး အလွန်တရာပြင်းထန်၍ အာရုံကြော စနစ်ကို ထိခိုက်ပျက်ဆီး  စေသော ဓါတုပစ္စည်း တစ်မျိုးဖြစ်ပါတယ်။ 4th generation chemical weapons အဖြစ်သတ်မှတ်ကြပြီး၊ ဆိုဗီယက် ယူနီယံရဲ့  FOLIANT ပရောဂျက်မှ ထွက်ပေါ်လာ ခဲ့တာ လို့ဆိုကြပါတယ်။ Novichoks poison ကိုဖော်ထုတ်ခဲ့သူများထဲက တစ်ဦး ဖြစ်တဲ့ ဓါတုဗေဒ ဒေါက်တာ Mirizayanov ကတော့ ၎င်းအဆိပ်မှာ စမ်းသပ်မှုများစွာ အဆင့်ဆင့်ပြုလုပ်ထားပြီးဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ အဆိုပါ ဒေါက်တာဟာ Novichoks နှင့်ပတ်သတ်ပြီး ဂျာနယ်တစ်စောင်မှာဖေါ်ပြခဲ့မှု ကြောင့် ရုရှားမှာထိန်းသိမ်းခံခဲ့ရပြီး၊ စစ်ဆေးမှုများအပြီးမှာတော့ လွတ်မြောက် ခဲ့ပါတယ်။ လွတ်မြောက်ပြီးမကြာခင်မှာပဲ US သို့ခိုလှုံခဲ့ပြီး၊ Novichok ရဲ့ ဖေါ်မြူလာကိုဖေါ်ထုတ်ခဲ့ပါတယ်။ သို့ရာတွင် အဆိုပါ‌ဖေါ်မြူလာမှာ မြောက်များ လှစွာသော ဖေ့ါ်မြူလာ များထဲမှ တစ်ခုသာဖြစ်ပြီး အခြားဖေါ်မြူလာ များ chemical compound များလည်းကျန်ရှိသေးသည်ဟု ယူဆကြပါသည်။ University of Reading မှ ဆေးဝါးဗေဒ ပညာရှင် Professor Gary Stephens က Novichoks poison ဟာ Sarin သို့မဟုတ် VX အဆိပ်များထက် ပိုမိုပြင်းထန်ပြီး စမ်းသပ်စစ်ဆေးရန် အလွန်ခက်ခဲသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ သည်နေရာမှာ စစ်အေးကာလအတွင်းနိုင်ငံအသီးသီးမှ chemical weapons နှင့်ပတ်သတ်ပြီး ဆောင်ရွက်ချက်များကို အနည်းငယ် တင်ပြလိုပါတယ်။

စစ်အေးကာလမှာ ဂျာမဏီမှ chemical weapons များစွာ  စမ်းသပ်ထုတ်လုပ်ခဲ့ပြီး ဓါတုကွန်ပေါင်း ၂၀၀၀ ကျော်ထုတ်လုပ်ခဲ့ပါတယ်။ ၎င်းတို့ အထဲမှ ထင်ရှားတဲ့ ဓါတုပစ်စည်းများကတော့ Tabun/Soman နှင့် Sarin အဆိပ်တို့ပဲဖြစ်ပါတယ် ၊ Sarin ဟာ ထုတ်လုပ်ရာမှာပါ၀င်တဲ့ ပုဂိုလ် ၄ ဦးရဲ့ အမည်များကို မှည့်ခေါ်ထားတာဖြစ်ပါတယ်။ ဂျာမဏီမှထုတ်လို့ G group Agents များလို့ အကြမ်းဖျင်း သတ်မှတ်ကြပါတယ်။ ထို့အတူ အဂ််လန်အပါအ၀င် အနောက်နိုင်ငံများကလည်းထုတ်လုပ်ကြပြီး V agents များလျု့ခေါ်ကြပါတယ် V ရဲ့ အဓိပ္ပါယ်ကတော့ Veneous လို့ မှတ်ယူရပါတယ်။ ၎င်းတို့ထဲမှာ ထင်ရှားတာ ကတော့ VX အမျိုးအစား အဆိပ်ပဲဖြစ်ပါတယ်။ England ဟာ USA နှင့်ပေါင်းပြီး အဆိုပါ VX poison လက်နက်များထုတ်လုပ်မှုကိုလည်းဆောင်ရွက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဆိုဗီယက်ဟာလည်း chemical weapons များထုတ်လုပ်နိုင် အောင် ဓါတုပညာရှင်ပေါင်း ၂၀၀ ကျော်နှင့် ဆောင်ရွက်ခဲ့ပြီး FOLIANT စီမံကိန်းကို ဆောင်ရွက်ခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် ရုရှားဟာ VX poisonကို အခြေခံပြီး isoform ဖြစ်တဲ့ RVX poison ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဆိုပါ RVX ဟာ ယခု Novichoks poisonရဲ့ အစပဲဖြစ်ပါတယ်။ စတင်ဖေါ်ထုတ်ခဲ့စဉ်က poison. ရဲ့ stability နဲ့ပတ်သတ်ပြီး အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရပေမဲ့ ယခုအခါ အဆိုပါအခက်အခဲများကိုဖြေရှင်းနိုင်တဲ့ Binary weapons (BWs) အနေဖြင့် ထုတ်လုပ်နိုင်ပြီဖြစ်ပါတယ်။  BWs ဆိုတာကတော့ အသုံးပြုမည်ဆိုကာမှ poison ကို active ဖြစ်အောင်လုပ်တာဖြစ်ပါတယ်။ unintentionally toxicity ကို‌ရှောင်ရှားနိုင်အောင်ဆောင်ရွက်ခြင်းလည်းဖြစ်ပါတယ်၊ သို့သော်လည်ပဲ တစ်ချို့ ရုရှပညာရှင်တွေဟာ အဆိပ်သင့်မှုတွေခံစားခဲ့ရပါတယ်။ ၎င်းအဆိပ်ကို အသုံးပြု ခါနီးမှ ဓါတ်ပြုပစ္စည်းတစ်ခုကိုပေါင်းထည့်ခြင်းဖြင့် active ဖြစ်အောင် လုပ်တာ ဖြစ်ပါတယ်။ BWs စနစ်ကိုဆောင်ရွက်နိုင်ခြင်းအားဖြင့် လိုအပ်သည့် နေရာသို့ အချိန်မရွေးသယ်ဆောင်သွားနိုင်ခြင်း နှင့် လိုအပ်သည့်အချိန်တွင်မှ အသုံးပြု နိုင်ခြင်း စသည့်အကျိုး ကျေးဇူးများရရှိခဲ့ပါတယ်။ FOLIANT ပရောဂျက်မှ A 230, A 232 နှင့် A 234 တို့ဟာ ထင်ရှားတဲ့ poisonများဖြစ်ပြီး A agentsများဟု ခေါ်ဆိုကြပါတယ်

Novichoks poison ဟာ စနစ်တကျထိန်းသိမ်းထားနိုင်ပါက အချိန် နှစ်နှင့်ချီ၍ အာနိသင်ရှိနိုင်တယ်လို့ ကျွမ်းကျင်သူများကဆိုကြပါတယ်။ အငွေ့ပျံမှု မရှိခြင်းနှင့် ရေနှင့်ဖြိုခွဲလို့မရခြင်းက Novichoks ရဲ့ထူးခြားတဲ့စွမ်းဆောင်ရည် များဖြစ်ပါတယ်။  Novichoks poison ကို အလွန်သေးငယ်တဲ့ အမှုန့်အဖြစ် ပြောင်းလဲနိုင်ပြီး အရည်တွင်ဖျော်၌၎င်း၊ အခဲတွင်ရောစပ်၍၎င်း နည်းမျိုးစုံအသုံး ပြုနိုင်ပြီ ဖြစ်ပါတယ်။  Novichoks poisonအား အငွေ့အဖြစ်ရှူသွင်းစေခြင်း၊ စားသုံးစေခြင်း၊ ထိုးသွင်းခြင်းတို့ဖြင့် အဆိပ်သင့်စေပြီး စက်ကန့် ၃၀မှ ၂ မိနစ်အတွင်း လက္ခဏာ ခံစားရလေ့ရှိပါတယ်။

Novichoks poison     ဟာ   Acetylcholine esterase inhibitor အမျိုး အစား ဖြစ်ပြီး nerve နှင့် muscle junction မှာရှိတဲ့ Acetylcholine တွေကို များပြားစေပြီး muscle contraction တွေ ကို ပုံမှန်မဟုတ်ပဲများပြားစေပါတယ်။ ထိုမှတစ်ဆင့် involuntary muscle contraction များဖြစ်ပေါ်စေပြီး ရောဂါခံစားရတာဖြစ်ပါတယ်။ ကနဦး ခံစားရမှာကတော့ မျက်ဆံကျဉ်းခြင်း ပဲဖြစ်ပြီး၊ ထိုမှတစ်ဆင့် တက်ခြင်း၊ အသက်ရှူရန်ခက်ခဲခြင်း၊ အန်ခြင်း၊ သတိမေ့မျောခြင်းနှင့် သေဆုံးခြင်းအထိဖြစ်ပွားလေ့ရှိပါတယ်။ တန်ပြန်ဆေး အနေနဲ့ atropine နှင့် athene ကိုအသုံးပြုနိုင်ပေမဲ့ ပျောက်ကင်းဖို့တော့ မတတ်နိုင်သေးကြောင်း တင်ပြလိုက်ရပါတယ်။ 

 

ကိုးကား

၁။      https://www.bbc.com/news/world-europe-43377698

၂။      Novichok agents: a historical, current, and toxicological  perspective  PR ChaiBD Hayes, TB Erickson… - Toxicology …, 2018 - Taylor & Francis

၃။     Chemical warfare agent NOVICHOK-mini-review of available data

E Nepovimova, K Kuca - Food and chemical toxicology, 2018 – Elsevier

၄။          Novichok agents—Mysterious poisonous substances from the cold war period J Patocka - Mil. Med. Sci. Lett, 2018

 

 

  

Comments

Popular posts from this blog

How to choose a vaccine

Antibody treatment for covid

RIP Poison